Home » Announcements » Announcement for The 46th Ship for Southeast Asian and Japanese Youth Programme-SSEAYP

Announcement for The 46th Ship for Southeast Asian and Japanese Youth Programme-SSEAYP

Announcement for The 46th Ship for Southeast Asian and Japanese Youth Programme-SSEAYP

၂၀၁၉ ခုနှစ် (၄၆)ကြိမ်မြောက် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဉ်တွင်
အဖွဲ့ဝင် (Participating Youth) အဖြစ် လိုက်ပါနိုင်ရန်အဆိုပြုရေးကိစ္စ

၁။ ၂၀၁၉ ခုနှစ် (၄၆)ကြိမ်မြောက် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဉ် (The 46th Ship for Southeast Asian and Japanese Youth Programme-SSEAYP) ကို ဂျပန်နိုင်ငံ Cabinet Office ၏ အစီအစဉ်ဖြင့် ၂၄-၁၀-၂၀၁၉ ရက်နေ့မှ ၁၃-၁၂-၂၀၁၉ ရက်နေ့အထိ အာဆီယံနိုင်ငံများသို့ လေ့လာရေးခရီးစဉ်ထွက်ခွာမည်ဖြစ်ပါသည်။
၂။ အဆိုပါ ခရီးစဉ်တွင် အဖွဲ့ဝင် (Participating Youth) အဖြစ် လိုက်ပါနိုင်ရန် အောက်ပါ သတ်မှတ်ချက်နှင့်ကိုက်ညီသူများ အဆိုပြုနိုင်ပါသည်။
(က) ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မှ ဆရာ၊ ဆရာမ သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကျောင်းသားကျောင်းသူဖြစ်ရမည်။
(ခ) ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင် အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း ရှိသူဖြစ်ရမည်။ (၂-၉-၁၉၈၉ မှ ၁-၄-၂၀ဝ၁ အတွင် မွေးဖွားသူ)
(ဂ) ခရီးစဉ်အဆစ အဆုံးပါဝငန်လုပ်ဆောင်နိုင်သူ
(ဃ) ခရီးစဉ်မတိုင်မီ ရန်ကုန်တက္ကသိုလ်တွင် ပထမအကြိမ်စခန်းသွင်းကာလ (၁၇-၇-၂၀၁၉ မှ ၁၆-၈-၂၀၁၉ ထိ) ဒုတိယအကြိမ်စခန်းသွင်းကာလ (၁-၁၀-၂၀၁၉ မှ ၂၃-၁၀-၂၀၁၉ ထိ) တွင် လိုက်ပါဆောင်ရွက်လေ့ကျင့်နိုင်သူ (မည်သည့်အကြောင်းပြချက်နှင့်မျှ ပျက်ကွက်ခွင့် မရှိစေရန်)
(င) အင်္ဂလိပ်စာ 4 Skills ထက်မြက်ကျွမ်းကျင်သူ English Proficiency မြင့်သူ
(စ) ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်သူ (ရက်ရှည်ဆေးကုသခံထားရသူများ အဆိုမပြုရန်)
(ဆ) ကိုယ်ဝန်မရှိသူ
(ဇ) လုပ်ငန်းများကို လိုက်လျောညီထွေ လုပ်ဆောင်နိုင်သူ
(ဈ) အများနှင့်ပူးပေါင်း လုပ်ဆောင်တတ်သူ
(ည) တိုင်းပြည်ကို ကိုယ်စားပြုပါဝင်နိုင်စွမ်းရှိသူ တိုင်းပြည်ဂုဏ်ကို မြှင့်တင်နိုင်မည့်သူ
၃။ (က) ပထမအဆင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) တွင် English Proficiency Test စစ်ဆေးမည်ဖြစ်သည်။
(ခ) ရမှတ်အနည်းဆုံး ၆၀ % နှင့်အထက်ရှိသည့် အရည်အချင်းရှိသူများမှ အများဆုံးသူကို ရွေးချယ်အဆိုပြုမည်ဖြစ်သည်။
၄။ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မှ ရွေးချယ်ခံရသူများသည် ၅-၇-၂၀၁၉ ရက်နေ့ (သောကြာနေ့) တွင် ရန်ကုန်တက္ကသိုလ်၌ ၁၀ဝ၀ နာရီမှ ၁၂၀ဝ နာရီအထိ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု နှင့် ၁၃၀ဝ နာရီမှ ၁၅၀ဝ နာရီအထိ အထွေထွေဗဟုသုတ ကိုလည်းကောင်း ရေးဖြေ စာမေးပွဲ ဖြေဆိုရမည်။
၅။ ရေးဖြေအောင်မြင်သူများစာရင်းကို ၈-၇-၂၀၁၉ ရက်နေ့တွင် ပါမောက္ခချုပ်များကော်မတီရုံး သထုံလမ်း တွင် ကြေညာထားမည်ဖြစ်သည်။ ရေးဖြေအောင်မြင်သူများသည့် ၉-၇-၂၀၁၉ ရက်နေ့နှင့် ၁၀-၇-၂၀၁၉ ရက်နေ့ ဝ၉၀ဝ နာရီအချိန်တွင် အစည်းအဝေးခန်းမ၊ ပါမောက္ခချုပ်များကော်မတီရုံး သထုံလမ်း ရန်ကုန်မြို့တွင် လူတွေ့စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။
၆။ အဆိုပြုလျှောက်ထားလိုပါက ကျောင်းသားရေးရာဌာနတွင် ၂၁-၆-၂၀၁၉ ရက်နေ့ မွန်းလွဲ (၃) နာရီနောက်ဆုံးထား လျှောက်ထားကြရန်ဖြစ်ပါသည်။

SSEAYP-2019



Back